အရာ အားလုံးမှာ ခြွင်းချက်ရှိတယ်။ တကယ်တော့ ခုရေးမှာက ခြွင်းချက်ပါ။ ခြွင်းချက်ဆိုတာကလည်း ခြွင်းချက်ရဲ့ ခြွင်းချက်မျှသာ ဖြစ်ကြောင်း သိထားစေချင်ပါတယ်။ တော်ကြာ ခြွင်းချက်ရဲ့ ခြွင်းချက်တဲ့ကွာဆိုပြီး ခြွင်းချက်ရဲ့ ခြွင်းချက်ကို ခြွင်းချက်လို့ အပြစ်တင်မိနေမှာ စိုးလို့ ကြိုပြောထားတာပါ။ အခုပြောမှာက အဲဒီခြွင်းချက်အကြောင်းပါ။ ဒါကတော့ ခြွင်းချက်ပေါ့လို့ ခွင့်လွတ်ပါ။ ထရိုက်ချင်စိတ်ပေါက်သွားရင်တော့ ခြွင်းချက်ပေါ့လေ။ ခြွင်းချက်ဆိုတာ ဘာမဆိုဖြစ်နိုင်တာပဲ မဟုတ်လား။ ဒါပေမယ့် ခြွင်းချက်ဆိုတော့ မဖြစ်နိုင်ဘူးပေါ့လေ။ ခြွင်းချက်လို့ပဲထားလိုက်ပါ။ ကဲ ခြွင်းချက်အနေနဲ့ ဒါကို ခြွင်းချက်လို့ပဲ ထားလိုက်ပါတယ်။ ဒါကတော့ ခြွင်းချက်ပါ။ ခြွင်းချက်ဆိုတော့လည်း ခြွင်းချက်လိုက်ပေါ့။ ခြွင်းချက်ကို တကယ်ထင်မှာ စိုးလို့ပါ။ တကယ်ဆိုတာကလည်း ခြွင်းချက်ပါ။ ဒီလိုနဲ့ ခြွင်းချက်က ၀မ်းနည်းလာတယ်။ သူ့ကို ခြွင်းချက်ထဲထည့်ထားရမလားလို့။ ခြွင်းချက်က မကျေနပ်လို့ စာကိုယ်ကို တက်ရန်တွေ့တယ်။ စာကိုယ်က ခြွင်းချက်အနေနဲ့ ခွင့်လွတ်လိုက်တယ်။ ခြွင်းချက်က မကျေနပ်ဘူး။ “မဟုတ်ဘူးဗျ၊ ကျွန်တော် ခြွင်းချက်အနေနဲ့ မနေချင်ဘူး” ၀မ်းပမ်းတနည်း တောင်းပန်တယ်။ အေးပါကွာ၊ မင်းကို ခြွင်းချက်အနေနဲ့ ထားလိုက်ပါတယ်။ ပိုဆိုးသွားတယ်။ ခြွင်းချက်က ဆန္ဒပြကြတယ်။ စာကိုယ်တွေက အချင်းချင်း တိုင်ပင်ကြတယ်။ ခြွင်းချက်ကို ဘယ်လို လုပ်မတုန်းတဲ့။ တံခါးပိတ် အစည်းအဝေး ခုနှစ်ရက် ကျင်းပတယ်။ အစည်းအဝေးက အရေးကြီးလွန်းလို့ တံခါးပိတ်ထားရတာကတော့ ဘယ်လိုအပေါ့စွန့်လဲ ဘယ်လိုကျင်ကြီးသွားလဲ ဘယ်သူမှ မသိရဘူး။ ဒါက ခြွင်းချက်အနေနဲ့ပေါ့။ ခြွင်းချက်ကတော့ သိချင်နေတယ်။ သူတို့ ခြွင်းချက်အပေါ် စာကိုယ်တွေ ဘယ်လို ဆုံးဖြတ်မလဲပေါ့။ သူတို့လည်း အပြင်မှာ ထမင်းမေ့ ဟင်းမေ့ စောင့်နေကြတယ်။ နဂိုရ်ကတည်းက ခြွင်းချက်တွေ ထမင်းစားတတ်သလား မစားတတ်ဘူးလား မလေ့လာမိခဲ့တာတေ့ ခြွင်းချက်ပေါ့။ သတင်းထောက်တွေကတော့ သွားလိုက်လာလိုက်ပဲ။ သူတို့က တံခါးပိတ်ထားတဲ့အစည်းအဝေးအကြောင်းကို ပိုသိချင်တယ်။ သူတို့ကို ခြွင်းချက်အနေနဲ့ ၀င်ခွင့်ပြုသင့်တယ်လို့ တောင်းပန်ကြည့်တော့ အစည်းအဝေးကျင်းပနေသူတွေက ခြွင်းချက်အနေနဲ့ ဘယ်သူ့ကိုမှ ၀င်ခွင့်မပေးနိုင်ကြောင်း။ အခု သူတို့ စည်းဝေးရခြင်းအကြောင်းမှာလည်း ခြွင်းချက်အကြောင်း ဖြစ်နေကြောင်းပြောပါတယ်။ သတင်းထောက်တွေက မရမကပါပဲ။ ခြွင်းချက်အနေနဲ့ သူတို့ကို အစည်းအဝေးအကြောင်း နည်းနည်းဖြစ်ဖြစ် ပြောပြပါတဲ့။ အစည်းအဝေးထိုင်ကြတဲ့ ပုဂ္ဂိုလ်တွေက ခြွင်းချက်အနေနဲ့ ဘာမှ မပြောပါရစေနဲ့၊ အခုစည်းဝေးရမှာက ခြွင်းချက်ကို ဆွေးနွေးမှာပါဆိုတော့ သတင်းထောက်တွေက ခြွင်းချက်တွေကိုထားလိုက်ပါဗျာလို့ ပြောတယ်။ သူတို့ကိစ္စကို ဆွေးနွေးမှာကို ခြွင်းချက်တွေက နားစွင့်နေတာ သတင်းထောက်တွေက ခြွင်းချက်တွေကို ထားလိုက်ပါဗျာဆိုတော့ ရိုက်ပွဲဖြစ်ကြတယ်။ နောက်ဆုံး ရဲတွေ ရောက်လာတယ်။ အားလုံးကို ဖမ်းလိုက်တယ်။ ဒါပေမယ့် အဖမ်းမခံရတဲ့ တစ်ချို့ရှိတယ်။ အဲဒါကတော့ ခြွင်းချက်ပေါ့။
Archives
Don't worry - your calendar is here… to see it in action just click "Save"
above and refresh the page.



